Make a blog

lattloonwaioo

1 year ago

မီးနီမိထားသော သစ်ပင်

မီးနီမိထားသော သစ်ပင် ____________________________ အစိမ်းတောက်တောက်မျက်လုံးတွေ တရှုးထိုးမျှားဦးမလှည့်လာခင်လေးပဲ သေမိန့် အတွက်မောင်းတံကို ငါ့အရှုံးနဲ့ ငါ စနစ်တကျဖြုတ်လိုက်တယ် အမုန်းနဲ့ ကောက်ပေါက်ရတာ ပျော်လား? မာယာမှာ လက်ကုန်ပေါက်မြောက်ခဲ့ပြီလား? သံပတ်လား?အပျော်ဖတ်လား? တစ်လက်မစာနောက်ကျပန်းဝင်မှုအောက်မှာ မီးတောက်လိုအနမ်းတွေနဲ့ ငါဝေးခဲ့ရတာပေါ့ နင့်ဆံနွယ်ခွေခွေနုနုတွေကို ကျစ်ဆံမြီးလေး ကျစ်ပေးချင်ရုံကလွဲရင် ငါ့ရလိုမှုက သိပ်ဂန္ဒဝင်မမြောက်ဘူး ငါ့စိတ်ကို အဖြူကနေအလျော့မခံဘူး ငါ့ကိုယ်ငါ ပြန်တိုက်နေရတဲ့ပွဲဆိုပေမယ့်လည်း ငါ့အတ္တက နင်ထားရာမှာပျော်တယ် နင့်မဲ့ပြုံးအောက်မှာ ရောင့်ရဲလွယ်တယ် နင့်ရွှေခြေကျင်းလေးရှေ့ မှာရော ငါ့အလွမ်းကြောင့် တိမ်တွေတဖြုတ်ဖြုတ်ကြွေနေတာမြင်ရဲ့ လား ပွဲပြီးပြီဆိုရင်တောင် မီးတော့သေလို့ မရသေးဘူး အပြုံးနုနုနဲ့ ငါ့ကိုခေါစာပစ်ခဲ့ပေးဦး အန်ဂျလီနာ အန်ဂျလီနာ နင့်မျက်စောင်းတထောင်းထောင်းနဲ့ ပဲ ကော်ဖီပူပူကို ငါသပ်ချလိုက်တာ ရေမထိထားတဲ့ ပြတင်းပေါက်အခြမ်းကိုမှ နင့်စိတ်နဲ့ ငါ သွားသွား သုတ်နေတာ သီချင်းကို volume အမြင့်ဆုံးတင်ထားပြီး နင့်အသံကလွဲရင် ဘာမှမကြားရတာ ရူးသွပ်မှုတွေနဲ့ ပဲ ငါ့ကိုယ်ငါ ပန်းကုန်းစွပ်လိုက်တယ် ဆုံးရှုံးမှုတိုင်းကို အတောင်ပံတပ်ပေးလိုက်တယ် အရင်လို ဇာတ်ကွက်ထူထူတွေနဲ့ ပဲ နင့်နှုတ်ခမ်းထူထူကလေးကို အလုပ်ပေးကြည့်ပေါ့ မီးတောင်တွေပဲ နင့်မျက်လုံးထဲက ထပေါက်ကွဲလာသလိုမျိုး ကံကြမ္မာကိုပဲ လက်နက်ချလိုက်ရသလိုမျိုး အိုက်တင်ကို အပိုအလိုမရှိချိန်းလိုက် အမူအယာကိုကျွံမထွက်နိုင်အောင် ဘရိတ်နင်းလိုက် ငါ့ခရီးသွား လက်မှတ်ထဲကနေတော့ နင့်နာမည်ကို ကျကျနနဆုတ်ဖြဲပစ်လိုက်ပြီ ငါနဲ့ လွဲတယ်ဆိုတာ (နင်) အချစ်နဲ့ လွဲခဲ့တာပဲ အန်ဂျလီနာ လတ်လွန်းဝေဦး —